Map Graph

စသိန်းရွာ၊ ပေါက်မြို့နယ်

စသိန်းရွာ သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ စသိန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၈၈၇၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ စသိန်းကျေးရွာအုပ်စုတွင် ကျား ၁၄၆၈ ဦး၊ မ ၁၈၆၈ ဦး၊ လူဦးရေ စုစုပေါင်း ၃၃၃၆ ဦးနေထိုင်သည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၆ မှ ၂၀ ရက်နေ့ အတွင်းက တစ်ကြိမ် ၊ နိုဝင်ဘာလ ၂၂ ရက်၊ ၂၃ ရက်များတွင် တစ်ကြိမ် အာဏာလု စစ်ကောင်စိစစ်တပ်က အကြမ်းဖက် မီးရှို့ခဲ့သဖြင့် အိမ်ခြေ ၂၄၀ ကျော် ရှိ စသိန်းရွာ ‌နေအိမ်အားလုံး မီးလောင် ပြာကျခဲ့ရသည်။ နိုဝင်ဘာလ မီးရှို့မှုအတွင်း စစ်ကောင်စီတပ်သားများက ဖျက်ဆီးခဲ့သဖြင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များလည်း ပျက်စီးခဲ့ရသည်။ အသက် ၇၀ ဝန်းကျင်ရှိ ဒေါ်လှဟန်နဲ့ ဦးမောင်ခင် တို့ မှာ အသက်ဆုံးရှုံးခဲ့ရသည်။

Read article